Leave your feedback Share Copy URL https://mypepack.gophersport.com/video/?vid=qISvFuXTK5M Email Facebook Twitter LinkedIn Pinterest Tumblr Share on Facebook Share on Twitter ဖလူးနယ်မြေ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျအဆုံးများနေ | Peoples Spring [QgGb3oIY0pM] Health Updated on August 09, 2026 EDT — Published on August 09, 2026 EDT ဖလူးနယ်မြေ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျအဆုံးများနေ သြဂုတ် - ၂၊၂၀၂၆ /People's Spring ထိုင်း - မြန်မာနယ်စပ် ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဖလူးနယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ အကျအဆုံးများနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ ဖလူးနယ်မြေကို စိုးမိုးထိန်းချုပ်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့မှာအခြေစိုက်တဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၃ ) နဲ့ ကရင်ပြည်နယ်၊ဘားအံမြို့အခြေစိုက် တပ်မ (၂၂) တို့ကို သုံးပြီး စစ်တပ်က ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ရဲ့ ထိုးစစ်ကို KNU တပ်မဟာ (၆) နဲ့ PDF ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်တပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ဒါအပြင် စစ်တပ်စစ်ကြောင်းကနေ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာသူတွေလည်းရှိနေတယ်လို့ KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၇) က အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဆိုရင် စကခ (၁၃)လက်အောက်ခံ အမှတ်( ၅၅၇) ခြေမြန်တပ်ရင်းက တပ်သား သုံးဦးဟာ လက်နက် နဲ့ တကွဘက်ပြောင်းခိုလှုံလာတယ်လို့သိရပါတယ်။ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံ ၊ ဖလူးကြီး ၊ဖလူးလေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကတည်း စစ်တပ်က စစ်ကြောင်းထိုးနေတာပါ။ စစ်တပ်ရဲ့ ထိုးစစ်ကို KNU နဲ့ PDF က ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေတာပါ။ နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ထိုင်းဘက်ခြမ်းထဲ လက်နက်ကြီး ကျည်ကျတာတွေ ရှိခဲ့ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖလူးတိုက်ပွဲ #မြဝတီသတင်း #ကရင်ပြည်နယ်တိုက်ပွဲ #KNU #PDF #CDMစစ်ကောင်စီတပ်ဖွဲ့ဝင်များ #ထိုင်းမြန်မာနယ်စပ် #PhaluBattle #Myawaddy #KarenState #KNLA #PDF #MyanmarConflict h9ixFEPM4Jk JnDbsVFwgMQ D8VWSb45vUM WCfBKOQRgVd hQJcVhnbX4n
ဖလူးနယ်မြေ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျအဆုံးများနေ သြဂုတ် - ၂၊၂၀၂၆ /People's Spring ထိုင်း - မြန်မာနယ်စပ် ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဖလူးနယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ အကျအဆုံးများနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ ဖလူးနယ်မြေကို စိုးမိုးထိန်းချုပ်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့မှာအခြေစိုက်တဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၃ ) နဲ့ ကရင်ပြည်နယ်၊ဘားအံမြို့အခြေစိုက် တပ်မ (၂၂) တို့ကို သုံးပြီး စစ်တပ်က ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ရဲ့ ထိုးစစ်ကို KNU တပ်မဟာ (၆) နဲ့ PDF ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်တပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ဒါအပြင် စစ်တပ်စစ်ကြောင်းကနေ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာသူတွေလည်းရှိနေတယ်လို့ KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၇) က အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဆိုရင် စကခ (၁၃)လက်အောက်ခံ အမှတ်( ၅၅၇) ခြေမြန်တပ်ရင်းက တပ်သား သုံးဦးဟာ လက်နက် နဲ့ တကွဘက်ပြောင်းခိုလှုံလာတယ်လို့သိရပါတယ်။ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံ ၊ ဖလူးကြီး ၊ဖလူးလေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကတည်း စစ်တပ်က စစ်ကြောင်းထိုးနေတာပါ။ စစ်တပ်ရဲ့ ထိုးစစ်ကို KNU နဲ့ PDF က ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေတာပါ။ နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ထိုင်းဘက်ခြမ်းထဲ လက်နက်ကြီး ကျည်ကျတာတွေ ရှိခဲ့ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖလူးတိုက်ပွဲ #မြဝတီသတင်း #ကရင်ပြည်နယ်တိုက်ပွဲ #KNU #PDF #CDMစစ်ကောင်စီတပ်ဖွဲ့ဝင်များ #ထိုင်းမြန်မာနယ်စပ် #PhaluBattle #Myawaddy #KarenState #KNLA #PDF #MyanmarConflict h9ixFEPM4Jk JnDbsVFwgMQ D8VWSb45vUM WCfBKOQRgVd hQJcVhnbX4n