Leave your feedback Share Copy URL https://mypepack.gophersport.com/video/?vid=e7BeLO901G2 Email Facebook Twitter LinkedIn Pinterest Tumblr Share on Facebook Share on Twitter ရုရှားအတွင်းပိုင်းထိ ယူကရိန်း ဒရုန်းများဖြင့် တိုက်ခိုက်၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ပျက်စီး [jsWxQOl9ZE6] Health Updated on August 06, 2026 EDT — Published on August 06, 2026 EDT United 24 ယူကရိန်းအပေါ် ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုနသည့် ရုရှား၏ အဓိက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်းကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (SBU) က ရုရှားနိုင်ငံအတွင်းပိုင်းအထိ အဝေးပစ် ဒရုန်းများဖြင့် ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အတည်ပြု ပြောကြားလိုက်သည်။ အဆိုပါ အထူးစစ်ဆင်ရေးကို SBU ၏ ဒရုန်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းနယ်စပ်မှ ခန့်မှန်းခြေ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀ ခန့်) အကွာရှိ ရုရှားအတွင်းပိုင်း ဆာရာတော့ဗ်ဒေသရှိ Engels-2 စစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ ယခု တိုက်ခိုက်မှုကြောင့် ရုရှား၏ တန်ဖိုးကြီး Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်း ဆိုးဆိုးဝါးဝါး ပျက်စီးပြီး လေယာဉ် အမြီးပိုင်းတခုလုံး ပြတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ဇယ်လန်းစကီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယူကရိန်း စစ်သည်တော်များ၏ တိကျပြတ်သားသည့် စွမ်းဆောင်ရည်အပေါ် ချီးကျူးစကားဆိုပြီး ဤတိုက်ခိုက်မှုကို ရုရှားအား ပေးအပ်လိုက်သည့် အဝေးမှ ဒဏ်ခတ်ခြင်းဟု တင်စားပြောဆိုသည်။ "ကျွန်တော်တို့ စစ်သည်တော်တွေရဲ့ တိကျပြတ်သားမှုအတွက် သူတို့ကို ကျွန်တော် အထူးပင် ကျေးဇူးတင်ရှိပါတယ်၊ အခုတကြိမ်မှာလည်း စစ်ပွဲမှာ ရုရှားအပေါ် အဝေးကနေ ပြစ်ဒဏ်ခတ်မှုတွေကို နောက်ထပ်တကြိမ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြန်ပါပြီ၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနေတဲ့ Engels က Tu-95 စစ်သုံးလေယာဉ်တစင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်" ဟု သမ္မတက ဆိုသည်။ ၎င်းအပြင် သမ္မတက မိမိတို့အနေဖြင့် တရားမျှတစွာနှင့် ကြိုတင်ပြင်ဆင်မှုရှိရှိ တက်ကြွစွာ ခုခံကာကွယ်နေခြင်းဖြစ်ပြီး ရုရှားအနေဖြင့် ကျူးကျော်ရန်စမှုအတွက် စစ်ရေးနှင့် စီးပွားရေး တန်ဖိုးများကို ပိုမို ပေးဆပ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောသည်။ ယခုစစ်ဆင်ရေးတွင် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များက Engels လေတပ်စခန်းအပြင် ရုရှားနိုင်ငံအတွင်းရှိ ရေနံ အဆောက်အအုံများနှင့် ယူကရိန်းနိုင်ငံအတွင်း ရုရှားတို့ ယာယီသိမ်းပိုက်ထားသည့် နယ်မြေများရှိ စစ်ဘက်ဆိုင်ရာ သတ်မှတ်ပစ်မှတ်များကိုပါ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ ဆာရာတော့ဗ်ဒေသရှိ Engels-2 လေတပ်စခန်းသည် ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ အခြေစိုက်ရာ အဓိကဗဟိုချက်ဖြစ်ပြီး ယူကရိန်းမြို့ပြများကို Kh-101 ကဲ့သို့သော ခရုစ်ဒုံးကျည်များဖြင့် အဝေးမှ လှမ်းဖျက်ဆီးရာတွင် ၎င်းစခန်းမှ လေယာဉ်များ ပျံသန်းတိုက်ခိုက်လေ့သည်။ ယခု ပျက်စီးသွားသော နေတိုးအခေါ် Bear-H ဆိုသည့် Tu-95 ဗုံးကြဲလေယာဉ်များသည် ဆိုဗီယက်ခေတ်ကတည်းက ထုတ်လုပ်ခဲ့ပြီး လက်ရှိတွင် ရုရှားအနေဖြင့် အသစ်ထပ်မံ မထုတ်လုပ်နိုင်တော့သည့်အတွက် လေယာဉ်တစင်း ပျက်စီးဆုံးရှုံးတိုင်း ရုရှားလေတပ်အတွက် အစားထိုးမရနိုင်သော ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။ United 24 မှ Russian Tu-95 Missile Carrier Destroyed 800 Km From Ukraine, Zelenskyy Says ကို မိုးသဲ ဘာသာပြန်သည်။ ဗီဒီယို - အဆိုပါ အထူးစစ်ဆင်ရေးကို SBU ၏ ဒရုန်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းနယ်စပ်မှ ခန့်မှန်းခြေ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀ ခန့်) အကွာရှိ ရုရှားအတွင်းပိုင်း ဆာရာတော့ဗ်ဒေသရှိ Engels-2 စစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ #MizzimaEAE #Tu_95 #ရုရှား #ယူကရိန်း ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ or Subscribe Mizzima TV : One link to follow all Mizzima platforms: LnlhX7nM3OM SbJZNTmWdPQ sho7fhByhBO 4yAv9JCeKbW dmo1WwI6LK0 Amej9v1kZb9
United 24 ယူကရိန်းအပေါ် ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုနသည့် ရုရှား၏ အဓိက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်းကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (SBU) က ရုရှားနိုင်ငံအတွင်းပိုင်းအထိ အဝေးပစ် ဒရုန်းများဖြင့် ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အတည်ပြု ပြောကြားလိုက်သည်။ အဆိုပါ အထူးစစ်ဆင်ရေးကို SBU ၏ ဒရုန်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းနယ်စပ်မှ ခန့်မှန်းခြေ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀ ခန့်) အကွာရှိ ရုရှားအတွင်းပိုင်း ဆာရာတော့ဗ်ဒေသရှိ Engels-2 စစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ ယခု တိုက်ခိုက်မှုကြောင့် ရုရှား၏ တန်ဖိုးကြီး Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်း ဆိုးဆိုးဝါးဝါး ပျက်စီးပြီး လေယာဉ် အမြီးပိုင်းတခုလုံး ပြတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ဇယ်လန်းစကီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယူကရိန်း စစ်သည်တော်များ၏ တိကျပြတ်သားသည့် စွမ်းဆောင်ရည်အပေါ် ချီးကျူးစကားဆိုပြီး ဤတိုက်ခိုက်မှုကို ရုရှားအား ပေးအပ်လိုက်သည့် အဝေးမှ ဒဏ်ခတ်ခြင်းဟု တင်စားပြောဆိုသည်။ "ကျွန်တော်တို့ စစ်သည်တော်တွေရဲ့ တိကျပြတ်သားမှုအတွက် သူတို့ကို ကျွန်တော် အထူးပင် ကျေးဇူးတင်ရှိပါတယ်၊ အခုတကြိမ်မှာလည်း စစ်ပွဲမှာ ရုရှားအပေါ် အဝေးကနေ ပြစ်ဒဏ်ခတ်မှုတွေကို နောက်ထပ်တကြိမ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြန်ပါပြီ၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနေတဲ့ Engels က Tu-95 စစ်သုံးလေယာဉ်တစင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်" ဟု သမ္မတက ဆိုသည်။ ၎င်းအပြင် သမ္မတက မိမိတို့အနေဖြင့် တရားမျှတစွာနှင့် ကြိုတင်ပြင်ဆင်မှုရှိရှိ တက်ကြွစွာ ခုခံကာကွယ်နေခြင်းဖြစ်ပြီး ရုရှားအနေဖြင့် ကျူးကျော်ရန်စမှုအတွက် စစ်ရေးနှင့် စီးပွားရေး တန်ဖိုးများကို ပိုမို ပေးဆပ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောသည်။ ယခုစစ်ဆင်ရေးတွင် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များက Engels လေတပ်စခန်းအပြင် ရုရှားနိုင်ငံအတွင်းရှိ ရေနံ အဆောက်အအုံများနှင့် ယူကရိန်းနိုင်ငံအတွင်း ရုရှားတို့ ယာယီသိမ်းပိုက်ထားသည့် နယ်မြေများရှိ စစ်ဘက်ဆိုင်ရာ သတ်မှတ်ပစ်မှတ်များကိုပါ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ ဆာရာတော့ဗ်ဒေသရှိ Engels-2 လေတပ်စခန်းသည် ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ အခြေစိုက်ရာ အဓိကဗဟိုချက်ဖြစ်ပြီး ယူကရိန်းမြို့ပြများကို Kh-101 ကဲ့သို့သော ခရုစ်ဒုံးကျည်များဖြင့် အဝေးမှ လှမ်းဖျက်ဆီးရာတွင် ၎င်းစခန်းမှ လေယာဉ်များ ပျံသန်းတိုက်ခိုက်လေ့သည်။ ယခု ပျက်စီးသွားသော နေတိုးအခေါ် Bear-H ဆိုသည့် Tu-95 ဗုံးကြဲလေယာဉ်များသည် ဆိုဗီယက်ခေတ်ကတည်းက ထုတ်လုပ်ခဲ့ပြီး လက်ရှိတွင် ရုရှားအနေဖြင့် အသစ်ထပ်မံ မထုတ်လုပ်နိုင်တော့သည့်အတွက် လေယာဉ်တစင်း ပျက်စီးဆုံးရှုံးတိုင်း ရုရှားလေတပ်အတွက် အစားထိုးမရနိုင်သော ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။ United 24 မှ Russian Tu-95 Missile Carrier Destroyed 800 Km From Ukraine, Zelenskyy Says ကို မိုးသဲ ဘာသာပြန်သည်။ ဗီဒီယို - အဆိုပါ အထူးစစ်ဆင်ရေးကို SBU ၏ ဒရုန်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းနယ်စပ်မှ ခန့်မှန်းခြေ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀ ခန့်) အကွာရှိ ရုရှားအတွင်းပိုင်း ဆာရာတော့ဗ်ဒေသရှိ Engels-2 စစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ #MizzimaEAE #Tu_95 #ရုရှား #ယူကရိန်း ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ or Subscribe Mizzima TV : One link to follow all Mizzima platforms: LnlhX7nM3OM SbJZNTmWdPQ sho7fhByhBO 4yAv9JCeKbW dmo1WwI6LK0 Amej9v1kZb9